အားလုံးပဲမင်္ဂလာပါ သည်ဘလော့လေးကို ၀ါသနာအရ လေ့လာကြိုးစားပြီး ထူထောင်ခဲ့တာပါ ပညာရှင်မဟုတ်တဲ့အတွက် အမှားယွင်းလေးများရှိခဲ့ပါက နားလည်ပေးကြပါရန်.. တွေ့သမျှ ဆရာများရဲ့ နည်းပညာများကို ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ်... ရေနီသားလေး

Saturday, October 11, 2014

Easy Magic CWM ကိုအသုံးပြုပြီး MT6575 MT6515 MT6577, MT6517 MT6589 MT6582 MT6592 ဖုန်းများ CWM ထည့်သွင်းနည်း

ကျနော်ဖုန်း Lava iris 546 MT6575 ဖုန်း လး CWM ရှာမရလို့စိတ်ညစ်ခဲ့ရပါတယ် ကိုတိုင်လည်း Cwm လုပ်မတတ် Recovery Builder နဲ့ကလည်းဆင်မပြေဖြစ်ခဲ့ပါတယ် အခုတော့  ဆင်ပြေသွားပါပြီ Click တချက်ပေးရုံနဲ့မိမိ ဖုန်းမှာ CWM သူ့ဘာသာ အော်တိုတည်ဆောက်ပေးမယ့် Tool လေးနဲ့ကျနော်ရှာတွေ့ခဲ့ပါပြီ CWM ထည့်သွင်းခြင်သူများအနေနဲ့မိမိတို့ဖုန်းသည် root လုပ်ထားရပါမယ် MTK ဖုန်းဖြစ်ရပါမယ်
  Download http://www.mediafire.com/download/iwlq1lavp3938l3/CTRv2.4.7z
Download ရလာတဲ့ ဖိုင်ဖြေကာ
CTRv2.4 ကိုဖွင့်ပါ ဖုန်းကို Usbfebugging ON အနေအထားနဲ့ချိတ်ပေးထားပါ
  ၁ Start Easy Magic CTR v2.4 installer For MediaTek devices ကိုရွေးပါ OK နှိပ်ပါ
၂  Yes ပဲဆက်နှိပ်သွားပါ
၃ OK

ဖုန်းမှာ Superuser Permission တောင်းရင် ပေးလိုက်ပါ စာတန်းတွေအဆင့်ဆင့်ကျလာပီးဖုန်းဟာ reboot recovery ထဲရောက်သွားပြီဆိုတာနဲ့သင့်ဖုန်း ဟာ CWM recovery ကိုပိုင်ဆိုင်သွားပြီပဲဖြစ်ပါတယ်

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Network ပိုင်းနဲ့ ပတ်သက်ပြီး လေ့လာချင်သူများအတွက် စာအုပ်ကောင်း.pdf


အားလုံးပဲ မင်္ဂလာပါခင်ဗျာ..........
ကျွန်တော်Min OKe Kar(ဘီလူးကျွန်းသားလေး) 
ပို့စ်မတင်နိုင်တာ တော်တော်ကြာသွားပြီထင်တယ်
ကျောင်းတက်နေရတာမို့ စာတွေကျက်နေတာနဲ့
ပို့စ်တွေ မတင်ဖြစ်နိုင်တာပါ...`
အခုတင်ပေးမယ့်   အကြောင်းအရာကတော့
Network နဲ့ပတ်သက်ပြီး စိတ်ဝင်စားနေတဲ့ လူတွေ
အတွက် အသုံးတည့်မယ့် စာအုပ်လေး တစ်အုပ်
ကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ...
အထဲမှာ တော့  
လုပ်ဆောင်ချက် (၁)
ကွန်ပျူတာ ၂ လုံးအား အလွယ်ကူဆုံး Network ချိတ်ဆက်နည်း
  1. ကွန်ပျူတာတွင် Network Card တပ်ဆင်ခြင်း။
  2. Cross cable ကြိုးပြုလုပ်နည်း။

လုပ်ဆောင်ချက်(၂)
File များ၊ Printer များအား Network ချိတ်ဆက်ပြီး မျှဝေ သုံးစွဲနည်း
  1. File Sharing ပြုလုပ်ခြင်း။
  2. Printer Sharing ပြုလုပ်ခြင်း။

လုပ်ဆောင်ချက်(၃)
Network Game ကစားရန် ကွန်ပျူတာ ၂ လုံးအား Network ချိတ်ဆက် ကစားနည်း

လုပ်ဆောင်ချက်(၄)
ကွန်ပျူတာ (၂)လုံးထက်ပိုပြီး Network ချိတ်ဆက်နည်း

လုပ်ဆောင်ချက်(၅)
Server ကွန်ပျူတာ ထည့်သွင်းပြီး Network ကို အသုံးပြု စီမံခန့်ခွဲခြင်း
  1. File Sharing ပြုလုပ်ခြင်း
  2. Remote Desktop Connection အကြောင်း
  3. Client User တိုးယူသတ်မှတ်ခြင်း
  4. Map Drive ပြုလုပ်ခြင်း
  5. Printer Sharing ပြုလုပ်ခြင်း
  6. Server မှ CD Room ကို မျှဝေသုံးစွဲခြင်း
  7. အသုံးများသည့် program များကို server ထည့်သွင်းပြီး program ကို administrator ကိုသာ သုံးစွဲခွင့်ပြုခြင်း

လုပ်ဆောင်ချက်(၆)
Internet ဆိုင်ဖွင့်လိုသူများနှင့် ရုံးအတွင်းရှိ ကွန်ပျူတာများအားလုံးကို အင်တာနက်အသုံးပြုနိုင်အောင် internet line တစ်လိုင်းတည်းကို ကွန်ပျူတာများ ခွဲဝေ သုံးစွဲနိုင်အောင်ပြုလုပ်နည်း
  1. Rounter
  2. အင်တာနက်အသုံးပြုမည့် clients ကွန်ပျူတာများမှ လုပ်ဆောင်ပေးရမည့်အပိုင်း
  3. DNS server (Domain Name Service) အကြောင်း
  4. Proxy server အကြောင်း
  5. Firewall အကြောင်း
  6. CACHE အကြောင်း
  7. Router ကို DHCP SERVER အဖြစ်ထားပြီး internet ချိတ်ဆက်မှု့ ပြုလုပ်ခြင်း
  8. Internet သုံးမည့် ကွန်ပျူတာဘက်မှ ပြုလုပ်ရမည့် လုပ်ဆောင်ချက်အပိုင်း

လုပ်ဆောင်ချက် (၇)
Wireless Network ကို အသုံးပြုပြီး Internet ချိတ်ဆက်ခြင်း
  1. Internet သုံးမည့် ကွန်ပျူတာဖက်မှ ပြုလုပ်ရမည့်လုပ်ဆောင်ချက်
  2. Rounter ဘက်မှ လုပ်ဆောင်ရမည့်အပိုင်း
  3. Rounter ကို firewall အဖြစ် အသုံးပြုပြီး မိမိ Network အတွင်းရှိ ကွန်ပျူတာများကို Internet သုံးစွဲခွင့် ခွဲခြားသတ်မှတ်ခြင်း
  4. Riybter Password ကို မိမိစိတ်ကြိုက် ပြောင်းလဲသတ်မှတ်ခြင်း
  5. Rounter configuration ကို Backup ဖိုင်အဖြစ် သတ်မှတ်သိမ်းဆည်းခြင်း
  6. Rounter configuration backup file (netgear.cfg) ကို restore ပြုလုပ်ခြင်း
  7. Rounter ကို ဝေးမှနေပြီး ထိန်းသိမ်းနိုလုပ်ပေးခြင်းင်အောင် ပြုလုပ်ပေးခြင်း

လုပ်ဆောင်ချက်(၈)
FTP (file transfer Protocol) ကို အသုံးပြုပြီး ကိုယ့်ကွန်ပျူတာ အတွင်းရှိ File များကို FTP server သို့ ပေးပို့ခြင်းနှင့် လက်ခံရယူခြင်း။
အစရှိတဲ့ အကြောင်းအရာများကို ရေးသားထားပေးတဲ့
စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။။။
လိုချင်ရင်တော့ အောက်မှာ ဒေါင်းလုပ် ရယူနိုင်ပါတယ်ခင်ဗျာ.......


Download : (11.1) MB



အဆင်ပြေပါစေ........
Min Oke Kar (ဘီလူးကျွန်းသားလေး)


ကျွန်တော့်တို့ တင်သမျှပို့စ်နဲ့ပတ်သက်ပြီး
 ဆွေးနွေးဝေဖန်အကြံပြုလိုသူများရှိရင်
Facebook မှာ Group ထောင်ထားပါတယ်ခင်ဗျာ..........

Group Name 
Min Oke Kar(ဘီလူးကျွန်းသားလေး)

Friday, October 10, 2014

CD / DVD drive ဖွင့်/ပိတ် လုပ်ဖို့ Shortcut ပြုလုပ်နည်း

အခုပြောပြမယ့် အကြောင်းအရာလေးကတော့ Network engineering တွေမှမဟုတ်ပဲ Computer ကိုအသုံးပြုသူ အားလုံးစိတ်ဝင်စားမယ့်အကြောင်းအရာလေးပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုပြောပြမှာက Computer အသုံးပြုသူအားလုံး လုပ်လို့ ၊ အသုံးပြုလို့ရတဲ့ အကြောင်းအရာလေးပါ။ ကျွန်တော်တို့တတွေ CD / DVD တွေကိုအသုံးပြုတဲ့အခါ Shortcut Key ကိုအသုံးပြုပြီး ဖွင့် ၊ ပိတ်လုပ်လို့ ရပါတယ်။ အခုပြောပြမှာပါ။ CD /DVD ရဲ့ On/Off ခလုတ်ကို အသုံးပြုစရာမလိုပဲနဲ့ Keyboard ရဲ့ Key ကိုအသုံးပြုပြီး ဖွင့် ၊ ပိတ် လုပ်ကြရအောင်ပါ။ ပိုလွယ်ကူသွားတာပေါ့ဗျာ။ မဟုတ်ဘူးလား။ Key လေးနှိပ်လိုက်ရုံနဲ့ CD/DVD ပွင့်လာသလို ၊ ပြန်ပိတ်ရင်လည်း Key တစ်ချက်နှိပ်လိုက်ရုံပဲ။ သုံးကြည့်မလား။ ဒါဆိုရင် Shortcut Key လုပ်ကြည့်ရအောင်ပါ။ တစ်ခုတော့ရှိတယ်ဗျ။ nircmd.exe ဆိုတဲ့ File လေးတော့ လိုအပ်ပါတယ်။ ဒီ File လေးကတော့အင်တာနက်မှ Download ဆွဲလို့လွယ်ယူလို့ရပါတယ်။ nircmd.exe ကို download ဆွဲပြီးလို့ရှိရင် zip file ဆိုရင် extract လုပ်လိုက်ပါ။ ၎င်းနောက် nircmd.exe file ကို c : / windows/system 32 အောက်ကို copy ကူးထည့်ပါ။ ဒါကဒီ File လေးကို လုံခြုံစိတ်ချရအောင်လို့ပါ။ ဘယ်နေရာမှာပဲထားထား ၊ ထားလို့တော့ရပါတယ်။ ၎င်းနောက် nircmd.exe file ကို Run လိုက်ပါ။ ၎င်းကို Run ပြီးပြီဆိုရင်တော့ Desktop ပေါ်ရဲ့ နေရာလွတ်တစ်နေရာပေါ်မှာ Right Click နှိပ်ပြီး New > Shortcut ကိုနှိပ်ပါCreate Shortcut Box ကျလာပါပြီ။ Browse ကနေ nircmd.exe file ရှိတဲ့ လမ်းကြောင်းကိုရွေးပေးပါ။ အခု nircmd.exe က system 32 အောက်မှာဆိုတော့ system 32 အောက်က nircmd.exe file ကိုရွေးပါ။ ၎င်းလမ်းကြောင်းနောက်က " cdrom open E " ဆိုတာကိုထပ်ထည့်ပေးပါ။ ဆိုလိုတာက nircmd.exe file လမ်းနောက်မှာ မိမိလုပ်မယ့်အကြောင်းအရာရိုက်ထည့်ပေးပါ။ " c : / windows / system 32 / nircmd.exe " cdrom open E: "ဆိုပြီးရိုက်ထည့်ပေးပါ။ " E: " ဆိုလိုတာက မိမိ cdrom drive ရဲ့ drive letter ပါ။ မိမိ cdrom drive က drive letter D: ဆိုရင် " D: " လို့လည်း ထည့်ပေးရမှာပါ။ အားလုံးရိုက်ပြီးသွားရင်တော့ Next ကိုနှိပ်ပါ။   ဒီ Shortcut အတွက် Shortcut name ရိုက်ထည့်ပါ။ ပြီးရင် finish နှိပ်ပါ။
www.nainglinoonyu.blogspot.com
Name -----Nyaungoo Thar
Phone-----+959259100529(Viber)
Facebook----Nyaungoo Thar

Thursday, October 9, 2014

Viber Code တောင်းစရာမလိုဘဲ active ဖြစ်အောင်လုပ်နည်း

 

Viber Code မရလို့ စိတ်ညစ်နေသူများအတွက် Code စောင့်စရာမလို့တဲ့ Viber လာပါပီ


ဒီ Viber လေးကတော့ တော်တော်အဆင်ပြေတယ်ဗျာ သိပြီသာသူတွေ မပါဘူးနော်
မသိသေးတဲ့ သူများအတွက် ပါ ။ အားလုံးပဲအဆင်ပြေအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်
ဒီ Viber ကိုပေးတဲ့ MPX ကအကိုတွေကိုလဲ Credit ပေးပါတယ် ။
ဒီ Viber ရဲ့ အားသာချက်ကတော့ တခြားဘက်က ဖုန်း ခေါ်လာတာကိုလဲ စောင့်စရာမလို့ပါဘူး
တခါတည်း Auto Coad တွေဝင်ပြီလုပ်သွားတာပါ။


                                     Viber apk ကို ဒီမှာဒေါင်းပါ     
 
                                MediafireမှDownloadလုပ်ရန်
                         
                               ZippyShareမှDownloadလုပ်ရန်

ဒေါင်းပြီ ရင် ဖုန်းမှာ install လုပ်ပါ လုပ်နေကြအတိုင်လေးပဲ ဖုန်းနံပါတ်ထည့် ပါ ပြီရင် Continue ကို
နိပ်လိုက်ပါ  Coad ထည့်ရမယ့်နေရာရောက်ရင် သူဟာသူ Coad တွေထည့်ပြီလုပ်သွားလိမ့်မယ်
လွယ်မှလွယ်နော် ဘယ်လောက်မှ မကြာဘူးနော် ။
အားလုံးပဲအဆင်ပြေပါစေဗျာ။။။။။။။။။။။။။။။။။

credit>>>>> ရွှေနဒီနည်းပညာ

အဆင်ပြေပါစေ  .................
Min Oke Kar (ဘီလူးကျွန်းသားလေး)

 ကျွန်တော့်တို့ တင်သမျှပို့စ်နဲ့ ဆွေးနွေးဝေဖန်အကြံပြုလိုသူများရှိရင် Facebook မှာ Group ထောင်ထားပါတယ်ခင်ဗျာ..........
Group Name  >>> Min Oke Kar(ဘီလူးကျွန်းသားလေး)
 https://www.facebook.com/groups/820150101390744/

Tuesday, October 7, 2014

3D အကြောင်းသိကောင်းစရာ

ကျွန်တော်ကိုမေ့နေပြီထင်ပါတယ်ညောင်ဦးသားလေးလေအခု 3Dအကြောင်းလေးပြောပြပါမယ်
ကျွန်တော်တို့ နည်းပညာကမ္ဘာကြီးမှာ 3 D Video တွေ၊ 3 D Game တွေ ပေါ်ပေါက်လာတာထက် ပိုဝမ်းသာစရာ၊ ပိုအံ့သြစရာကောင်းတဲ့ နည်းပညာမရှိတော့ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့တွေဟာ Software ပိုင်း၊ Hardware ပိုင်းအားလုံးမှာ အသစ်အသစ်သော ပညာရပ်တွေကို လိုလားကြတဲ့ လူတွေချည်းပဲ မဟုတ်လားဗျ။ အဲဒီလို အသစ်အသစ်ကို ကြိုက်တဲ့ Gamer တွေရဲ့ တွန်းအားပေးမှုကြောင့် Industry တွေကနေ အခုလို သိပ်ကောင်းတဲ့ 3 D ပညာရပ်ကို တွေ့ရှိခဲ့တာပါပဲ။ 3 D တွေပေါ်လာတော့ အဲဒီနည်းပညာနဲ့ ကိုက်ညီမယ့် တခြား PC Application (Computer Aided Design (CAD)) Program တွေပေါ်ပေါက်လာတဲ့အတွက် 3 D ဟာ Game ပညာရပ်အတွက်သာမက တခြားနည်းပညာတွေအတွက်ပါ သိပ်ကို အသုံးဝင်တယ်လို့ ပြောလို့ရပါတယ်။ ကောင်းပါပြီ အခုကျွန်တော်နဲ့အတူ 3 D Graphics တွေ ဘယ်ကစခဲ့သလဲ၊ ဘယ်လိုအလုပ်လုပ်ခဲ့သလဲဆိုတာကို လေ့လာကြည့်ကြရအောင်။

 ၁၉၉၀ အစောပိုင်းတွေလောက်တုန်းက PC တွေမှာ 3 D Graphics Function ပါနေပြီလို့တော့ အတိအကျပြောလို့ မရသေးဘူးဗျ။ သို့သော် AutoCAD ၊ Intergraph တို့လို 3 D Application Design Software တွေမှာတော့ 3 D Graphic တွေပါပါတယ်။ အဲ တခုတော့ ရှိတယ်ဗျ။ အဲဒီ 3 D Application S/W တွေက သူတို့ကို အသုံးချဖို့ အရေးကို ဒီနေ့လိုမျိုး Installer Disk လေးထည့်လိုက်ရုံနဲ့ ပြီးတာမဟုတ်ဘူး။ User တွေကို Full Version System ကြီးကို အရင်ဝယ်ခိုင်းပြီး License နဲ့ဖြစ်တော့မှ 3 D Graphic ထုတ်ပေးတာမျိုးနဲ့ အလုပ်လုပ်သွားတာဆိုတော့ သုံးရတာ အခက်အခဲရှိတယ်။ ဒါကြောင့်လည်း အဲဒီ System တွေ၊ အလုပ်ကောင်းကောင်းလုပ်ပေးပေမယ့် ဈေးကြီးတာ၊ အသုံးပြုရခက်ခဲတာတွေကြောင့် သူတို့ကို မရှိမဖြစ် လိုအပ်တဲ့ Design ကုမ္ပဏီတွေ၊ အစိုးရနဲ့ဆိုင်တဲ့ ကုမ္ပဏီတွေက လွဲရင် မသုံးကြဘူးလေ။
 အဲဒီလို အခြေအနေတွေကို ကြုံနေရတဲ့ 3 D ရဲ့ ကံကြမ္မာကို ပြောင်းလဲလိုက်တာကတော့ ID Software လို့ခေါ်တဲ့ ကုမ္ပဏီသေးသေးလေးပါပဲ။ မှတ်မှတ်ရရပြောရရင် ၁၉၉၂ ခုနှစ်လောက်မှာပေါ့။ ID Software ကုမ္ပဏီကနေ Wolfenstein 3 D လို့ခေါ်တဲ့ Game အသစ်တစ်ခုကို ထွင်လိုက်တယ်လေ။ ဘာပြောကောင်းမလဲဗျာ။ ပေါက်သွားလိုက်တာမှ ၀က်ဝက်ကွဲဖြစ်ခဲ့မှာပေါ့။ စဉ်းစားကြည့်ပါဗျာ။ သမိုင်းတစ်လျှောက်မှာ ဒီလို Game မျိုးတစ်ခါမှ မပေါ်ခဲ့ဖူးသေးဘူးလေ။ နောက်ပြီး ဒီ 3 D Game မှာ Game မျိုးဆက်အသစ်တစ်ခုကို စတင်ပေးလိုက်နိုင်တာပဲ မဟုတ်လား။ အရင်တုန်းက ဆော့ရတဲ့ Game လိုမဟုတ်ဘဲ Three Dimension နဲ့ နံရံတွေ၊ တံခါးတွေ၊ ပစ္စည်းပစ္စယတွေကလည်း ပါသေးတယ်။ နောက်ပြီးတော့ ကိုယ်မြင်ရတဲ့ လူဆိုးတွေကိုလည်း သေနတ်နဲ့ ပစ်လို့ရသေးတယ်လေ။ ပြောရရင်တော့ ဒီခေတ်မှာ ဆော့နေကြတဲ့ Counter လို Game မျိုးပေါ့။ ဒါပေမယ့် အဲဒီခေတ်အနေနဲ့က တကယ့်ကို အံ့ဩစရာကောင်းနေတာဆိုတော့ ပေါက်သွားတာမဆန်းပါဘူးဗျာ။ သင်တို့မြင်လာအောင် ဒီမှာကြည့်ဦး။ ကျွန်တော် Wolfstein 3 D ပုံလေး ထည့်ပေးထားတယ်။ 
 တကယ်ပါဗျာ။ အဲဒီခေတ်အနေနဲ့တော့ Wolfstein 3 D ဟာ PC Game လောကကို အခြေကနေ ကိုင်လှုပ်နိုင်ခဲ့တာပါပဲ။ အခုတော့ ဒီလို Game ကို First-Person Shooters (FPS) လို့ ခေါ်ကြပါတယ်။ Wolfenstein 3 D အပါအ၀င် အစောပိုင်း 3 D Game တွေမှာ 3 D ပုံတွေကိုဖန်တီးဖို့အတွက် Sprites လို့ခေါ်တဲ့ 3 D imager တွေကို အသုံးပြုခဲ့ရပါတယ်။ ဒါဆိုရင် Sprites ဆိုတာကကော ဘာတဲ့လဲ။ သင်သိချင်နေလား။ ကျွန်တော်ပြောပြမှာပါဗျာ။ Sprites ဆိုတာကပြောရရင် Bitmapped Graphic (BMP) File လိုပါပဲ။ အဲဒီအစောပိုင်း FPS Game တွေမှာဆိုရင် ဥပမာ- ကျွန်တော်တို့က လူတစ်ယောက်ကို ပစ်တော့မယ်ဆိုရင် အဲဒီ လူရဲ့တည်နေရာကို ကျွန်တော်တို့ကစားနေတဲ့ Player ဘက်ကနေပြီး ပြန်တွက်ချက်ပေးတယ်။ ပြီးတော့ကျမှ အဲဒီလူကို ကိုယ်စားပြုတဲ့ Sprit လေးကို နေရာချပေးလိုက်တာပါပဲ။ ဒါကြောင့် ကျွန်တော်တို့တွေက ဇာတ်ကောင်လေးတစ်ကောင်ကို အမျိုးမျိုးလှုပ်ရှားလို့ရအောင် သူ့လှုပ်ရှားတဲ့ အနေအထားနဲ့ Sprit အမျိုးမျိုးလုပ်ပေးထားရပါတယ်။ ဒါကတော့ 3 D ရဲ့ ပထမဆုံးမျိုးဆက်အကြောင်းပါ။
 အဲ ဒုတိယမျိုးရိုးမှာတော့ ကျွန်တော်စောစောကပြောခဲ့တဲ့ Sprit တွေအစား ပိုမိုရှုပ်ထွေးတဲ့ တကယ့် 3 D Object တွေကို အစားထိုးလာခဲ့ပါတယ်။ ဒီ 3 D Object တွေမှာဆိုရင် Point ကလေးတွေ စုစည်းထားတဲ့
 
Vertices တွေနဲ့ ဖွဲ့စည်းထားပါတယ်။ Vertices တစ်ခုစီမှာ X, Y, Z ဆိုပြီး အနေအထား သုံးမျိုးရှိတယ်လေ။ မြင်သာအောင် အောက်ပါနမူနာပုံတစ်ပုံပြထားပေးတယ်နော်။ 
   ကွန်ပျူတာကြီးက Object တစ်ခုချင်းစီရဲ့ Vertex တိုင်းကို လိုက်ကြည့်ရပါတယ်။ ဒါကြောင့် Object တစ်ခုမှာဆိုရင် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေတဲ့ နံရံကြီးလို Object မျိုးလည်း ရှိနိုင်သလို၊ တံခါးလို အဖွင့်အပိတ်လုပ်နေရတဲ့ Animation လို Object မျိုး၊ လှုပ်ရှားနေတဲ့ Object မျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေကို Transformation လို့ခေါ်တယ်ဗျ။ ကဲ..ကဲ..ဖတ်ရတာ ပျင်းနေကြပြီလား။ မပျင်းပါနဲ့ဦးဗျာ။ အခုပြောနေတဲ့ ဒုတိယမျိုးမျိုးရိုးမှာ CPU နဲ့ ပူးပေါင်းပြီး ဘယ်လို အလုပ်လုပ်သလဲဆိုတာ ပြောပြပါဦးမယ်။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဆက်ကြည့်ရအောင်နော်။ 
 CPU ကြီးဟာ Vertex လေးတွေရဲ့ အနေအထားဘယ်လိုရှိသလဲဆိုတာကို ကြည့်ပြီးတာနဲ့ 3 D Object ကြီးကို စပြီးဆွဲပါတော့တယ်။ ဘာကိုအရင်စဆွဲသလဲဆိုတော့ Vertex တစ်ခုနဲ့တစ်ခုကို  တြိဂံပုံလေးတွေအဖြစ်နဲ့ ချိတ်ဆက်ပေးမယ့် Line တွေကို စဆွဲပါတယ်။ ဒါဆိုရင် ကျွန်တော်တို့မှာ စဉ်းစားစရာ တစ်ခုရှိလာပါပြီ။ ဘာဖြစ်လို့ လိုင်းတွေကို ဒီအတိုင်းပဲ မချိတ်ဘဲနဲ့ တြိဂံပုံဖော်ရသလဲလို့ပေါ့။ ဒါက သိပ္ပံပညာနဲ့ စဉ်းစားကြည့်ရင် တခြားပုံမဟုတ်ဘဲနဲ့ တြိဂံပုံဖြစ်အောင် အရင်ချိတ်ဆက်ပြီး ပုံတွေဖော်တာဟာ အထိရောက်ဆုံးဖြစ်လို့ပါတဲ့ခင်ဗျာ။ ဒီတော့ CPU ကြီးက Vertex တွေ အကုန်လုံးကို တြိဂံပုံ အစုအစုလေးတွေဖြစ်အောင် အရင်ချိတ်ဆက်လိုက်ပါတယ်။ ပြီးတော့မှ တြိဂံပုံတွေကို Polygon တွေအဖြစ်နဲ့ ပြန်စုစည်းလိုက်ပါတယ်။ ဒါတွေအားလုံးကို CPU ကြီး က အလုပ်လုပ်ပေးရတာပါ။ အခုနောက်ပိုင်းမှာတော့ CPU က လုပ်စရာ မလိုတော့ဘဲ Special 3 D Video Card တွေက ပြုလုပ်ပေးနေတာဖြစ်တဲ့အတွက် Process လုပ်တဲ့နှုန်းကလည်း ပိုမိုမြန်ဆန်လာတာကို တွေ့ရပါတယ်။
 3 D Game တွေရဲ့ နောက်ဆုံးပေါ်မျိုးဆက်မှာတော့ တစ်မျိုးပြောင်းသွားပြီး Texturing ဆိုတဲ့ Feature အသစ်တစ်ခုပေါ်လာပါတယ်။ 3 D Game တိုင်းမှာ Textures လို့ခေါ်တဲ့ Bitmap လေးတွေကို
 
သိမ်းထားကြတာတွေ့ရပါတယ်။ Object တစ်ခုကို ဆွဲတော့မယ်ဆိုရင် အဲဒီ Object ရဲ့ ဘေးမှာရှိတဲ့ Texture တွေကို စုစည်းပြီးတော့ Object ရဲ့မျက်နှာပြင်ကို ရုပ်လုံးဖော်ပါတယ်။ အရင်တုန်းကလို တြိဂံတွေ အရင်ပုံဖော်စရာ မလိုတဲ့အတွက် ပိုပြီးတော့ မြန်ဆန်ပါတယ်။ ဒါ့အပြင် အခုဒီမျိုးဆက်မှာတော့ ကျွန်တော်တို့တွေ အပြင်မှာ မြင်နေရတဲ့ တကယ့်သက်ရှိပတ်ဝန်းကျင်နဲ့ပိုပြီး တူလာပါတယ်။ ဒါကြောင့် Game ဆော့တဲ့အခါ အပြင်မှာကိုယ်ကိုတိုင် တကယ်ဝင်ဆော့နေရသလို ဖြစ်နေပါတယ်။ ဒါပေမယ့် အကောင်းနဲ့အဆိုး ဒွန်တွဲသလိုပဲ သူ့မှာလည်း မကောင်းတာတစ်ခုတော့ ရှိတယ်ဗျ။ အဲဒါကတော့ တစ်ခါတစ်ရံကျရင် အရင်တုန်းက ပေါ်ခဲ့တဲ့ Sprit နဲ့ 3 D နဲ့ကို ပေါင်းစပ်အသုံးပြုခိုင်းခြင်းပါပဲ။
 ဟုတ်ပါပြီ။ အခုလိုမျိုး တကယ့် 3 D (True 3 D) တွေကိုတော့ Rendered Object လို့ခေါ်ကြတယ်။ အင်း..ဒီလို 3 D Game Card တွေ ပေါ်လာတော့ သူတို့နဲ့ လိုက်ဖက်ညီအောင် အလုပ်လုပ်ပေးမယ့် Video Card တွေ၊ Data သိမ်းတဲ့ Object တွေလည်း ဖန်တီးလာရတော့တာပါပဲ။ ဒါကြောင့်ပဲပေါ့.. ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး 3 D Game အတွက် Intel ကနေ AGP ကို ဖန်တီးပေးလိုက်တယ်လေ။ Intel AGP က 3 D Texture တွေအတွက် RAM ထဲကနေ Data သွားယူပေးရတဲ့ နှုန်းပိုမြန်စေတယ်လေ။ ကဲ.. 3 D Game တွေကြောင့်သာ AGP တွေပေါ်လာတာပေါ့ဗျာ။ မဟုတ်ရင် ဘယ်ထွက်လာပါတော့မလဲ..နော်။
 အခုကျွန်တော်ပြောပြသွားတာတွေကတော့ 3 D Game တွေ ဘယ်လိုပေါ်လာသလဲဆိုတဲ့ သမိုင်းကြောင်းလေးပါ။ တကယ်လို့ 3 D Game အတွက် အလုပ်လုပ်ပေးတဲ့ 3 D Video Card အကြောင်းဆိုရင်တော့ "3 D Video Card အကြောင်း" ဆိုတဲ့ဆောင်းပါးမှာ ကြည့်လို့ရတယ်နော်။ နောက်မှပြန်တွေ့ကြဦးစို့။
Name----Nyaungoo Thar
Facebook Name----  Nyaungoo Thar
e-mail----nyaungootharlay@outlook.com
Phone--+959259100529(09259100529)
Blog---www.nainglinoonyu.blogspot.com

Monday, October 6, 2014

အင်တာနက်ကို အချိန်သက်မှတ်ပြီး အလိုလျှောက်ပိတ်ပေးမယ့် - AutoData

Cover art
အခုတင်ပေးလိုက်တဲ့ Application လေးကိုတော့ ဖုန်းနဲ့အင်တာနက်အသုံးပြုသူများ ဆောင်ထားစေချင်ပါ တယ်ဗျာ။ အင်တာနက်သုံးပြီး ပြန်မပိတ်မိခဲ့ရင် အခု Application လေးက အလိုလျှောက်ပိတ်ပေးမှာဖြစ်ပါ တယ်ဗျာ။ ဖိုင်ဆိုဒ်ကလည်း 1MB သာရှိတာမို့အလွယ်တကူဒေါင်းယူထားနိုင်ပါတယ်။

စမတ်ဖုန်း အသုံးပြုသူများ အနေနဲ့ Mobile Data ကို မပိတ်မိဘဲ အိပ်ပျော်သွားကြတဲ့ အဖြစ်တွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ အဲဒီ ပြသာနာကို ဖြေရှင်းပေးနိုင်တာက AutoData ဆိုတဲ့ Android App ဖြစ်ပါတယ်။ AutoData က ဖုန်းရဲ့ Screen ပိတ်သွားပြီးနောက် တစ်မိနစ်၊ နှစ်မိနစ် ဒါမှမဟုတ် သင်သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် Mobile Data ကို အလိုလို ပိတ်ပေးမှာပါ။

AutoData ကိုဖွင့်ပြီးရင် Status အောက်မှာ On ဆိုတာကိုတွေ့ရမှာပါ။ ဒါက AutoData အလုပ်လုပ်နေပြီ ဆိုတာ ပြသတာပါ။ App က Status အောက်မှာ ရှင်းပြထားတာက Screen ပိတ်လိုက်ပြီးနောက် ဆယ်မိနစ်ကြာရင် Mobile Data ကို အလိုလို ပိတ်ပေးမှာပါ။ Whatsapp, Facebook တို့မှ Notification များကို ရရှိဖို့ ၁၅ မိနစ်ကြာတိုင်း ၁ မိနစ် Mobile Data ကို ပြန်ဖွင့်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်တွေကို Settings ထဲမှာ သင့်စိတ်ကြိုက်သတ်မှတ်နိုင်ပါတယ်။


Settings ကိုနှိပ်ပါ။ Wait မှာ Screen ပိတ်ပြီးနောက် အချိန်ဘယ်လောက်ကြာရင် Mobile Data ကို ပိတ်မလဲ သတ်မှတ်ပါ။ Repete every မှာ အခြား Apps များမှ Notification များရရှိဖို့ Mobile Data ကို အချိန် ဘယ်လောက်ကြာတိုင်း ပြန်ဖွင့်မလဲဆိုတာ သတ်မှတ်ပါ။ ပြီးရင် Set ကိုနှိပ်ပြီး Close ကိုနှိပ်ပါ။


AutoData ကို အသုံးမပြုချင်ရင် App ရဲ့ Home Screen မှာ Off လုပ်ပေးပါ။


AutoData ဟာ Mobile Data ပိတ်ဖို့ မေ့တတ်သူများကို ကူညီပေးနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ AutoData ကို Android 4.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။ 
AutoData - screenshot     AutoData - screenshot

AutoData - screenshot     AutoData - screenshot

AutoData - screenshot     AutoData - screenshot
 
Download

Newer Posts Older Posts Home