အားလုံးပဲမင်္ဂလာပါ သည်ဘလော့လေးကို ၀ါသနာအရ လေ့လာကြိုးစားပြီး ထူထောင်ခဲ့တာပါ ပညာရှင်မဟုတ်တဲ့အတွက် အမှားယွင်းလေးများရှိခဲ့ပါက နားလည်ပေးကြပါရန်.. တွေ့သမျှ ဆရာများရဲ့ နည်းပညာများကို ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ်... ရေနီသားလေး

Saturday, September 6, 2014

သင့်ကွန်ပျူ တာမှ ဖိုင်များကို ခြေရာခံမရအောင် ဖျောက်ဖျက်နည်းများ

 
သင့်ကွန်ပျူတာမှာ ဖိုင်တစ်ခုကို ခြေရာခံမရအောင် ဖျောက်ဖျက်ချင်ရင်တော့ သမားရိုးကျနည်းဖြစ်တဲ့ ဖိုင်ကို Drag ဆွဲပြီး အမှိုက်ပုံးထဲထည့်ရုံနဲ့ မရပါဘူး။

သင့်ကွန်ပျူ တာက အမှိုက်ပုံးဟာ Desktopပေါ်ကနေသာ ဖိုင်တစ်ခုကို ရှင်းလင်းပေးတာပါ။ အမှိုက်ပုံးထဲက ဖိုင်တွေကို ရှင်းလင်းလိုက်ရင်တောင် အဲဒီဖိုင်ကို ဖျက်ပေးတာမဟုတ်ဘဲ ဖိုင်သိမ်းထားတဲ့ လမ်းကြောင်းကိုသာ ဖျက်ပေးတာပါ။ ဖိုင်ဟာ သင့် Hard Driveထဲမှာ ရှိနေတုန်းပါပဲ။ ပြန်လည်ရယူဖို့ ခက်ခဲပေမယ့် ရယူနိုင်တဲ့ ဆော့ဝဲတွေရှိနေပါတယ်။

ဖိုင်တစ်ခုကို ပြန်ရှာမရအောင် ဖျက်ချင်ရင်တော့ လွယ်ကူထိရောက်တဲ့ နည်းလမ်းတွေရှိနေပါတယ်။ အဲဒီဆော့ဝဲတွေက အပြီးတိုင်ဖျက်ချင်တဲ့ဖိုင်ရဲ့ ဒေတာတွေကို အခြားဒေတာတွေနဲ့ Overwriteလုပ်လိုက်တာပါ။


Eraserက ဝင်းဒိုးကွန်ပျူတာက ဖိုင်တွေကို ရှာဖွေပေးပြီး ဖိုင်ရဲ့ လမ်းကြောင်းကို မဖျက်ခင် တစ်နည်းအားဖြင့် ဖိုင်ကို မဖျက်ခင်မှာ သူ့ရဲ့ ဒေတာတွေကို အခြားဒေတာတွေနဲ့ အစားထိုးလိုက်တာပါ။ Eraserကို အင်စတော လုပ်ပြီးတာနဲ့ ဖျက်ချင်တဲ့ ဖိုင်အပေါ်မှာ Right-Clickနှိပ်ပြီး Eraser Iconကို နှိပ်ပါ။ ပြီးရင် Eraseကို နှိပ်ပါ။

ဖျက်ချင်တဲ့ဖိုင်ကို ဘယ်နှစ်ခါ Overwriteလုပ်မလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။ အကြိမ် ၂၀ ဆိုရင်တော့ စိတ်ချရပါတယ်။ ဒါပေမယ့်လည်း ၂ ကြိမ်၊ ၃ ကြိမ်နဲ့လည်း အလုပ်ဖြစ်ပါတယ်။

ဖိုင်ကို Overwriteလုပ်ပြီးတာနဲ့ ခြေရာခံ ပြန်ရှာလို့ မရတော့တာကို သတိပြုပါ။ အမှိုက်ပုံးထဲက ဖိုင်တွေကို Eraserကို ဖျက်ခိုင်းဖို့နဲ့ အချိန်သတ်မှတ်ပြီး အလိုအလျှောက်ဖျက်ဆီးဖို့ ခိုင်းစေနိုင်ပါတယ်။


ဖိုင်တွေကို သာမာန်အတိုင်းဖျက်ဆီးပြီးပြီ ဆိုရင် ဒါမှမဟုတ် ကွန်ပျူတာထဲမှာ အစဖော်မရအောင် ဖျက်ချင်တဲ့ ဖိုင်တွေရှိရင် CCleanerကို အခမဲ့သုံးနိုင်ပါတယ်။

CCleanerက အမှိုက်ပုံး၊ ဘရောက်စာ ၊ ဖိုဒါ စတဲ့ သင့်ကွန်ပျူတာမှ Appsတွေနဲ့ သီးခြားနေရာများမှဖိုင်တွေကို ဖျက်ဆီးပေးနိုင်ပါတယ်။ ဖျက်လိုက်တဲ့ ဖိုင်တွေရဲ့ ဒေတာတွေကို ရှင်းထုတ်ပြီး နေရာလွတ်အဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။

Eraserလိုပဲ CCleanerကလည်း Overwriteဘယ်နှစ်ကြိမ်လုပ်မလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။ ပြီးရင်တော့ နေရာလွတ်များရရှိပြီး အသုံးပြုနိုင်ပါပြီ။


Apple Computerမှာ ဖိုင်တွေကို အပြီးတိုင်ဖျက်ဖို့တော့ အခြား ဆော့ဝဲတွေမလိုအပ်ပါဘူး။ ဖိုင်ကို Drag ဆွဲပြီး အမှိုက်ပုံးထဲထည့်လိုက်တာနဲ့ အပြီးတိုင် ဖျက်ပေးမှာပါ။ ပြီးရင် Finder>Secure Empty Trashကို နှိပ်လိုက်ရုံပါပဲ။ Hard Driveတစ်ခုလုံးကို စိတ်ချလက်ချဖျက်ချင်ရင် Disk Utility Appကို ဖွင့်ပြီး Eraseကို နှိပ်ပါ။ ပြီးရင် Security Optionsကို နှိပ်ပါ။

ဒီဖြစ်စဉ်ကို လျှင်မြန်ချင်ရင်တော့ FileShredder ကို ၃.၃၉ ဒေါ်လာနဲ့ ဝယ်ယူအသုံးပြုပါ။ ဖိုင်ကို Dragဆွဲပြီး အမှိုက်ပုံးထဲထည့်ရမယ့် အစား Appကို သုံးပြီး Overwriteနဲ့ Deleteလုပ်နိုင်ပါတယ်။

ဖိုင်ကို ဘယ်နှစ်ခါ Overwriteလုပ်မလဲဆိုတာကို စဉ်းစားစရာမလိုဘဲ FileShredderက ဖျက်ရမယ့်ဖိုင်ဟာ ဘယ်နှစ်ကြိမ် Overwriteလုပ်ရမလဲ ဆိုတာသူ့ဘာသာ ဆုံးဖြတ်နိုင်ပါတယ်။
 
 ref:http://ict.com.mm
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

ဖုန်းတော်တော်များများကိုunlockလုပ်ပေးမယ့်ဆိုဒ်လေးပါ

th

ရေနီသားလေးကအားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်
ကျွန်တော်လည်းလိုင်းပေါ်ကဗျာလေးတွေပဲတင်ဖြစ်တယ်
နည်းပညာတွေမတင်ဖြစ်ဘူးဗျာ
အခုကျွန်တော်ရန်ကုန်ရောက်နေတုံးတင်ပေးလိုက်ပါတယ်
အခုတင်ပေးမဲ့ဆိုဒ်လေးကဆိုင်သမားတွေအတွက်network ဖြစ်တဲ့အလုံးတွေကိုဖြေရှင်းပေးမဲ့

ကြိုက်ရာနေရာတွင်Facebook Sticker ကွန်မန့်ပေးနည်း ( Only Pc Browser )


အရမ်းလွယ်ကူပါတယ် မိမိBrowser မှာ ထည့်ပေးရမည့် Add နှစ်ခုကို မူရင်းလင့်မှာ သွားရောက်ဒေါင်းယူလိုက်ပါ ။
လင့်များကို အောက်မှာပေးထားပါတယ် :)

ဒေါင်းပြီးတာနဲ့ အင်စတောလုပ်ပေးပါလိမ့်မယ် ပြီးရင်မိမိ FB အကောင့်ကို ထွက်ပြီး ပြန်ဝင်လိုက်ပါ ။

ကွန်မန့်ပေးရမည့် အကွက်မှာ ပုံထဲကအတိုင်း မျက်နှာပုံလေးပေါ်လာပါမယ် နှိပ်၍မိမိကြိုက်နှစ်သက်ရာအရုပ်များကို မန့်နိုင်ပါပြီ :)

ပေးထားတဲ့ Hola Unlock Add လဲ အပေါ်ကနည်းအတိုင်းပါပဲ နိုင်ငံကိုတော့ Australia ကို ရွေးချယ်ပေးရမည်ဖြစ်ပါတယ် ။
မူရင်းဆိုက်မှာ ပုံနှင့်တကွပြသထားလို့ မရှင်းပြတော့ပါဘူး ကလစ်တစ်ချက်နှိပ်ပေးယုံပါပဲ :)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Emoji အရုပ်အတွက် Facebook Secret Emoticons Add ကို အောက်မှာဒေါင်းယူပါ

Mozilla Firefox Browser အတွက် https://addons.mozilla.org/en-US/firefox/addon/facebook-secret-emoticons/

Google Chrome Browser အတွက် https://chrome.google.com/webstore/detail/facebook-secret-emoticons/bpgpffljkgjmijjdmjbdppndoojdgboe?hl=en-US

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


Facebook Sticker အတွက် Hola Unlock Add ကို အောက်မှာ ဒေါင်းယူပါ ။

Hola Unlock Add ကို ဒီမှာဒေါင်းပါ http://hola.org/

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အဆင်မပြေမှုများ ရှိပါက မေးမြန်းလိုပါက ( သို့ ) ဒေါင်းလော့လင့်များ ဒေါင်းမရတော့ပဲ သေသွားခဲ့ပါက ။ MyanmarMobileForum(MMF) ဂရုမှာ လာရောက်မေးမြန်း တောင်းဆိုနိုင်ပါတယ် ။ မန်ဘာဝင်ထားကြဖို့လဲ ဖိတ်ခေါ်ပါတယ် :)
https://www.facebook.com/groups/mmmobileforum/

အားလုံးပဲ အဆင်ပြေကြပါစေ.... :)

Post By : DjjoeMan (MMF)
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Friday, September 5, 2014

G730-U00 Flash All Fastboot Firmware B151


G730-U00 dload ကလည်း တင်မရ Flashtool ကလည်း error တက်လို့ မရတဲ့ အဆုံး ကျနော် ကြံမိကြံရာလေး ကြံထားတာပါ
Fastboot ၀င်ပြီး update all bat လေး Run လိုက်ရုံနဲ့ firmware တင်သွားမှာပါ
ကျနော် နှစ်လုံးစမ်းထားပြီးပါပြီ အဆင်ပြေလို့ Share လိုက်တာပါ
ညီအကိုများအားလုံး အဆင်ပြေကြပါစေ
သင်ဆရာ မြင်ဆရာ ဆရာများအားလုံးကို အစဉ်လေးစားလျှက်

http://www.mediafire.com/download/dz4wdlhbt0ce5da/G730-U00+Flash+All+Fastboot+Firmware+B151.rar
 
 ref:
MMSD(MYANMAR MOBILE SOFTWARE DEVELOPER)
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Facebookကိုကွန်ပျူတာနဲ့သူးသူတွေအတွက်Keyလေးတွေပါ

ညောင်ဦးသားတင်တာလေးတွေခဏရပ်နေတာလည်းကြာပြီအခု Facebookကိုကွန်ပျူတာနဲ့သုံသူတွေအတွက်Keyလေးတွေတင်ပေးလိုက်ပါ့မယ်
ညောင်ဦးသားလည်း၁၀တန်းစာမေးပွဲနဲ့မလို့သိပ်မတင်ဖြစ်သေးပါဘူးစာမေးပွဲပြီးမဘဲတင်ပေးတော့မယ်နော်
* Alt+ Shift+ 1-Go to Homepage

* Alt+ Shift+ 2-Go to Profile Page

* Alt+ Shift+ 3-Friend Requests

* Alt+ Shift+ 4-Open Messages

* Alt+ Shift+ 5-Notifications

* Alt+ Shift+ 6-My Account Page

* Alt+ Shift+ 7-Choose Your Privacy Settings

* Alt+ Shift+ 8-Facebook’s Facebook page

* Alt+ Shift+ 9-Facebook Terms & Conditions

* Alt+ Shift+ 0-Facebook Help Center

* Alt+ Shift+ ?-Search

* Alt+ Shift+ M-Compose New Message

Monday, September 1, 2014

Y511 T00 Display Fix Error Firmware

အခု နောက်ပိုင်းလာတဲ့ Huawei Y511-T00 တချို့အလုံးတွေမှာ အရင်က flashtool firmware တွေနဲ့တင်လိုက်ရင် တက်လာတော့ Display လစ်သလို အဖြူကြီးဘဲပေါ်လာပါတယ် ကျနော်တော့လက်တွေ့ ၂ လုံးကြုံ လိုက်ရပါတယ် ဒီဖြင့် Y511-T00 flashtool firmware တွေ downပြီးတင်တာလည်း အဆင်မပြေဘူး ဒါနဲ့ကျနော် ဖုန်းအကောင်းတလုံးထဲကနေပြီးတော့ firmware ကို MtkDroidTools နဲ့ backup ယူပြီးတော့ firmware တင်လိုက်တာ အဆင်ပြေသွားပါတယ် backup ယူထားတဲ့ firmware ကိုစစခြင်းတင်တော့အဆင်မပြေသေးဘူးဗျ ဒါနဲ့အရင် flashtool firmware ထဲက PRELOADER ရယ် MBR ,EBR1, userdata.img ရယ် ထည့်ရေးလိုက်တော့အဆင်ပြေသွားပါတယ်………….
ကျနော်ပြောတာ အမှားပါရင်လည်းခွင့်လွှတ်ပါ …….ကျနော်သိသလောက်နဲ့ ကျနော့်လို error နဲ့ကြုံတဲ့ ညီကိုများအတွက်အဆင်ပြေအောင်ပါ …….

ဒီလိုerror နဲ့ကြုံရင် firmware အဆင်ပြေအောင် ကျနော် backup ထုတ်ထားတဲ့ firmware လေးကို upload တင်ပေးထားပါတယ် ….. 




credit - စူပါ ကိုကျော်
http://www.myanmarxda.com
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

ဘာလာလာ Unlock လုပ်ပေးမယ့် Huawei Unlocker...by Kyaw Swar Thwin

 ရေးထားတာကြာပြီမနှစ်ကတည်းကဆိုပါတော့...
ပေးချင်စိတ်မရှိသေးတာနဲ့မပေးဖြစ်တာ...
အခုမှ 1x ပဲတက်ပြီး 3g မတက်ဖြစ်နေတာတွေ...
Block 5 မှားရေးမိလို့ သုံးရောင်ခြယ်တက်တာတွေ...
Bootloader Lock ကြီးကို CWM တင်မိတဲ့သူတွေများလာတာတွေ့လို့တင်ပေးလိုက်တာ...

ဟွာဝေးတွေ 1-Click Network Unlock/Relock ရမယ်... Official နည်းဖြစ်တဲ့အတွက် Error ကင်းမယ်... 1x ပဲတက်ပြီး 3g မပေါ်တာတွေမဖြစ်သလို ဖုန်းပျက်မှာလဲမဆိုးရိမ်ရတော့ဘူးပေါ့...

 
http://d-h.st/CaH
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Newer Posts Older Posts Home