အားလုံးပဲမင်္ဂလာပါ သည်ဘလော့လေးကို ၀ါသနာအရ လေ့လာကြိုးစားပြီး ထူထောင်ခဲ့တာပါ ပညာရှင်မဟုတ်တဲ့အတွက် အမှားယွင်းလေးများရှိခဲ့ပါက နားလည်ပေးကြပါရန်.. တွေ့သမျှ ဆရာများရဲ့ နည်းပညာများကို ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ်... ရေနီသားလေး

Tuesday, October 7, 2014

3D အကြောင်းသိကောင်းစရာ

ကျွန်တော်ကိုမေ့နေပြီထင်ပါတယ်ညောင်ဦးသားလေးလေအခု 3Dအကြောင်းလေးပြောပြပါမယ်
ကျွန်တော်တို့ နည်းပညာကမ္ဘာကြီးမှာ 3 D Video တွေ၊ 3 D Game တွေ ပေါ်ပေါက်လာတာထက် ပိုဝမ်းသာစရာ၊ ပိုအံ့သြစရာကောင်းတဲ့ နည်းပညာမရှိတော့ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့တွေဟာ Software ပိုင်း၊ Hardware ပိုင်းအားလုံးမှာ အသစ်အသစ်သော ပညာရပ်တွေကို လိုလားကြတဲ့ လူတွေချည်းပဲ မဟုတ်လားဗျ။ အဲဒီလို အသစ်အသစ်ကို ကြိုက်တဲ့ Gamer တွေရဲ့ တွန်းအားပေးမှုကြောင့် Industry တွေကနေ အခုလို သိပ်ကောင်းတဲ့ 3 D ပညာရပ်ကို တွေ့ရှိခဲ့တာပါပဲ။ 3 D တွေပေါ်လာတော့ အဲဒီနည်းပညာနဲ့ ကိုက်ညီမယ့် တခြား PC Application (Computer Aided Design (CAD)) Program တွေပေါ်ပေါက်လာတဲ့အတွက် 3 D ဟာ Game ပညာရပ်အတွက်သာမက တခြားနည်းပညာတွေအတွက်ပါ သိပ်ကို အသုံးဝင်တယ်လို့ ပြောလို့ရပါတယ်။ ကောင်းပါပြီ အခုကျွန်တော်နဲ့အတူ 3 D Graphics တွေ ဘယ်ကစခဲ့သလဲ၊ ဘယ်လိုအလုပ်လုပ်ခဲ့သလဲဆိုတာကို လေ့လာကြည့်ကြရအောင်။

 ၁၉၉၀ အစောပိုင်းတွေလောက်တုန်းက PC တွေမှာ 3 D Graphics Function ပါနေပြီလို့တော့ အတိအကျပြောလို့ မရသေးဘူးဗျ။ သို့သော် AutoCAD ၊ Intergraph တို့လို 3 D Application Design Software တွေမှာတော့ 3 D Graphic တွေပါပါတယ်။ အဲ တခုတော့ ရှိတယ်ဗျ။ အဲဒီ 3 D Application S/W တွေက သူတို့ကို အသုံးချဖို့ အရေးကို ဒီနေ့လိုမျိုး Installer Disk လေးထည့်လိုက်ရုံနဲ့ ပြီးတာမဟုတ်ဘူး။ User တွေကို Full Version System ကြီးကို အရင်ဝယ်ခိုင်းပြီး License နဲ့ဖြစ်တော့မှ 3 D Graphic ထုတ်ပေးတာမျိုးနဲ့ အလုပ်လုပ်သွားတာဆိုတော့ သုံးရတာ အခက်အခဲရှိတယ်။ ဒါကြောင့်လည်း အဲဒီ System တွေ၊ အလုပ်ကောင်းကောင်းလုပ်ပေးပေမယ့် ဈေးကြီးတာ၊ အသုံးပြုရခက်ခဲတာတွေကြောင့် သူတို့ကို မရှိမဖြစ် လိုအပ်တဲ့ Design ကုမ္ပဏီတွေ၊ အစိုးရနဲ့ဆိုင်တဲ့ ကုမ္ပဏီတွေက လွဲရင် မသုံးကြဘူးလေ။
 အဲဒီလို အခြေအနေတွေကို ကြုံနေရတဲ့ 3 D ရဲ့ ကံကြမ္မာကို ပြောင်းလဲလိုက်တာကတော့ ID Software လို့ခေါ်တဲ့ ကုမ္ပဏီသေးသေးလေးပါပဲ။ မှတ်မှတ်ရရပြောရရင် ၁၉၉၂ ခုနှစ်လောက်မှာပေါ့။ ID Software ကုမ္ပဏီကနေ Wolfenstein 3 D လို့ခေါ်တဲ့ Game အသစ်တစ်ခုကို ထွင်လိုက်တယ်လေ။ ဘာပြောကောင်းမလဲဗျာ။ ပေါက်သွားလိုက်တာမှ ၀က်ဝက်ကွဲဖြစ်ခဲ့မှာပေါ့။ စဉ်းစားကြည့်ပါဗျာ။ သမိုင်းတစ်လျှောက်မှာ ဒီလို Game မျိုးတစ်ခါမှ မပေါ်ခဲ့ဖူးသေးဘူးလေ။ နောက်ပြီး ဒီ 3 D Game မှာ Game မျိုးဆက်အသစ်တစ်ခုကို စတင်ပေးလိုက်နိုင်တာပဲ မဟုတ်လား။ အရင်တုန်းက ဆော့ရတဲ့ Game လိုမဟုတ်ဘဲ Three Dimension နဲ့ နံရံတွေ၊ တံခါးတွေ၊ ပစ္စည်းပစ္စယတွေကလည်း ပါသေးတယ်။ နောက်ပြီးတော့ ကိုယ်မြင်ရတဲ့ လူဆိုးတွေကိုလည်း သေနတ်နဲ့ ပစ်လို့ရသေးတယ်လေ။ ပြောရရင်တော့ ဒီခေတ်မှာ ဆော့နေကြတဲ့ Counter လို Game မျိုးပေါ့။ ဒါပေမယ့် အဲဒီခေတ်အနေနဲ့က တကယ့်ကို အံ့ဩစရာကောင်းနေတာဆိုတော့ ပေါက်သွားတာမဆန်းပါဘူးဗျာ။ သင်တို့မြင်လာအောင် ဒီမှာကြည့်ဦး။ ကျွန်တော် Wolfstein 3 D ပုံလေး ထည့်ပေးထားတယ်။ 
 တကယ်ပါဗျာ။ အဲဒီခေတ်အနေနဲ့တော့ Wolfstein 3 D ဟာ PC Game လောကကို အခြေကနေ ကိုင်လှုပ်နိုင်ခဲ့တာပါပဲ။ အခုတော့ ဒီလို Game ကို First-Person Shooters (FPS) လို့ ခေါ်ကြပါတယ်။ Wolfenstein 3 D အပါအ၀င် အစောပိုင်း 3 D Game တွေမှာ 3 D ပုံတွေကိုဖန်တီးဖို့အတွက် Sprites လို့ခေါ်တဲ့ 3 D imager တွေကို အသုံးပြုခဲ့ရပါတယ်။ ဒါဆိုရင် Sprites ဆိုတာကကော ဘာတဲ့လဲ။ သင်သိချင်နေလား။ ကျွန်တော်ပြောပြမှာပါဗျာ။ Sprites ဆိုတာကပြောရရင် Bitmapped Graphic (BMP) File လိုပါပဲ။ အဲဒီအစောပိုင်း FPS Game တွေမှာဆိုရင် ဥပမာ- ကျွန်တော်တို့က လူတစ်ယောက်ကို ပစ်တော့မယ်ဆိုရင် အဲဒီ လူရဲ့တည်နေရာကို ကျွန်တော်တို့ကစားနေတဲ့ Player ဘက်ကနေပြီး ပြန်တွက်ချက်ပေးတယ်။ ပြီးတော့ကျမှ အဲဒီလူကို ကိုယ်စားပြုတဲ့ Sprit လေးကို နေရာချပေးလိုက်တာပါပဲ။ ဒါကြောင့် ကျွန်တော်တို့တွေက ဇာတ်ကောင်လေးတစ်ကောင်ကို အမျိုးမျိုးလှုပ်ရှားလို့ရအောင် သူ့လှုပ်ရှားတဲ့ အနေအထားနဲ့ Sprit အမျိုးမျိုးလုပ်ပေးထားရပါတယ်။ ဒါကတော့ 3 D ရဲ့ ပထမဆုံးမျိုးဆက်အကြောင်းပါ။
 အဲ ဒုတိယမျိုးရိုးမှာတော့ ကျွန်တော်စောစောကပြောခဲ့တဲ့ Sprit တွေအစား ပိုမိုရှုပ်ထွေးတဲ့ တကယ့် 3 D Object တွေကို အစားထိုးလာခဲ့ပါတယ်။ ဒီ 3 D Object တွေမှာဆိုရင် Point ကလေးတွေ စုစည်းထားတဲ့
 
Vertices တွေနဲ့ ဖွဲ့စည်းထားပါတယ်။ Vertices တစ်ခုစီမှာ X, Y, Z ဆိုပြီး အနေအထား သုံးမျိုးရှိတယ်လေ။ မြင်သာအောင် အောက်ပါနမူနာပုံတစ်ပုံပြထားပေးတယ်နော်။ 
   ကွန်ပျူတာကြီးက Object တစ်ခုချင်းစီရဲ့ Vertex တိုင်းကို လိုက်ကြည့်ရပါတယ်။ ဒါကြောင့် Object တစ်ခုမှာဆိုရင် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေတဲ့ နံရံကြီးလို Object မျိုးလည်း ရှိနိုင်သလို၊ တံခါးလို အဖွင့်အပိတ်လုပ်နေရတဲ့ Animation လို Object မျိုး၊ လှုပ်ရှားနေတဲ့ Object မျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေကို Transformation လို့ခေါ်တယ်ဗျ။ ကဲ..ကဲ..ဖတ်ရတာ ပျင်းနေကြပြီလား။ မပျင်းပါနဲ့ဦးဗျာ။ အခုပြောနေတဲ့ ဒုတိယမျိုးမျိုးရိုးမှာ CPU နဲ့ ပူးပေါင်းပြီး ဘယ်လို အလုပ်လုပ်သလဲဆိုတာ ပြောပြပါဦးမယ်။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဆက်ကြည့်ရအောင်နော်။ 
 CPU ကြီးဟာ Vertex လေးတွေရဲ့ အနေအထားဘယ်လိုရှိသလဲဆိုတာကို ကြည့်ပြီးတာနဲ့ 3 D Object ကြီးကို စပြီးဆွဲပါတော့တယ်။ ဘာကိုအရင်စဆွဲသလဲဆိုတော့ Vertex တစ်ခုနဲ့တစ်ခုကို  တြိဂံပုံလေးတွေအဖြစ်နဲ့ ချိတ်ဆက်ပေးမယ့် Line တွေကို စဆွဲပါတယ်။ ဒါဆိုရင် ကျွန်တော်တို့မှာ စဉ်းစားစရာ တစ်ခုရှိလာပါပြီ။ ဘာဖြစ်လို့ လိုင်းတွေကို ဒီအတိုင်းပဲ မချိတ်ဘဲနဲ့ တြိဂံပုံဖော်ရသလဲလို့ပေါ့။ ဒါက သိပ္ပံပညာနဲ့ စဉ်းစားကြည့်ရင် တခြားပုံမဟုတ်ဘဲနဲ့ တြိဂံပုံဖြစ်အောင် အရင်ချိတ်ဆက်ပြီး ပုံတွေဖော်တာဟာ အထိရောက်ဆုံးဖြစ်လို့ပါတဲ့ခင်ဗျာ။ ဒီတော့ CPU ကြီးက Vertex တွေ အကုန်လုံးကို တြိဂံပုံ အစုအစုလေးတွေဖြစ်အောင် အရင်ချိတ်ဆက်လိုက်ပါတယ်။ ပြီးတော့မှ တြိဂံပုံတွေကို Polygon တွေအဖြစ်နဲ့ ပြန်စုစည်းလိုက်ပါတယ်။ ဒါတွေအားလုံးကို CPU ကြီး က အလုပ်လုပ်ပေးရတာပါ။ အခုနောက်ပိုင်းမှာတော့ CPU က လုပ်စရာ မလိုတော့ဘဲ Special 3 D Video Card တွေက ပြုလုပ်ပေးနေတာဖြစ်တဲ့အတွက် Process လုပ်တဲ့နှုန်းကလည်း ပိုမိုမြန်ဆန်လာတာကို တွေ့ရပါတယ်။
 3 D Game တွေရဲ့ နောက်ဆုံးပေါ်မျိုးဆက်မှာတော့ တစ်မျိုးပြောင်းသွားပြီး Texturing ဆိုတဲ့ Feature အသစ်တစ်ခုပေါ်လာပါတယ်။ 3 D Game တိုင်းမှာ Textures လို့ခေါ်တဲ့ Bitmap လေးတွေကို
 
သိမ်းထားကြတာတွေ့ရပါတယ်။ Object တစ်ခုကို ဆွဲတော့မယ်ဆိုရင် အဲဒီ Object ရဲ့ ဘေးမှာရှိတဲ့ Texture တွေကို စုစည်းပြီးတော့ Object ရဲ့မျက်နှာပြင်ကို ရုပ်လုံးဖော်ပါတယ်။ အရင်တုန်းကလို တြိဂံတွေ အရင်ပုံဖော်စရာ မလိုတဲ့အတွက် ပိုပြီးတော့ မြန်ဆန်ပါတယ်။ ဒါ့အပြင် အခုဒီမျိုးဆက်မှာတော့ ကျွန်တော်တို့တွေ အပြင်မှာ မြင်နေရတဲ့ တကယ့်သက်ရှိပတ်ဝန်းကျင်နဲ့ပိုပြီး တူလာပါတယ်။ ဒါကြောင့် Game ဆော့တဲ့အခါ အပြင်မှာကိုယ်ကိုတိုင် တကယ်ဝင်ဆော့နေရသလို ဖြစ်နေပါတယ်။ ဒါပေမယ့် အကောင်းနဲ့အဆိုး ဒွန်တွဲသလိုပဲ သူ့မှာလည်း မကောင်းတာတစ်ခုတော့ ရှိတယ်ဗျ။ အဲဒါကတော့ တစ်ခါတစ်ရံကျရင် အရင်တုန်းက ပေါ်ခဲ့တဲ့ Sprit နဲ့ 3 D နဲ့ကို ပေါင်းစပ်အသုံးပြုခိုင်းခြင်းပါပဲ။
 ဟုတ်ပါပြီ။ အခုလိုမျိုး တကယ့် 3 D (True 3 D) တွေကိုတော့ Rendered Object လို့ခေါ်ကြတယ်။ အင်း..ဒီလို 3 D Game Card တွေ ပေါ်လာတော့ သူတို့နဲ့ လိုက်ဖက်ညီအောင် အလုပ်လုပ်ပေးမယ့် Video Card တွေ၊ Data သိမ်းတဲ့ Object တွေလည်း ဖန်တီးလာရတော့တာပါပဲ။ ဒါကြောင့်ပဲပေါ့.. ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး 3 D Game အတွက် Intel ကနေ AGP ကို ဖန်တီးပေးလိုက်တယ်လေ။ Intel AGP က 3 D Texture တွေအတွက် RAM ထဲကနေ Data သွားယူပေးရတဲ့ နှုန်းပိုမြန်စေတယ်လေ။ ကဲ.. 3 D Game တွေကြောင့်သာ AGP တွေပေါ်လာတာပေါ့ဗျာ။ မဟုတ်ရင် ဘယ်ထွက်လာပါတော့မလဲ..နော်။
 အခုကျွန်တော်ပြောပြသွားတာတွေကတော့ 3 D Game တွေ ဘယ်လိုပေါ်လာသလဲဆိုတဲ့ သမိုင်းကြောင်းလေးပါ။ တကယ်လို့ 3 D Game အတွက် အလုပ်လုပ်ပေးတဲ့ 3 D Video Card အကြောင်းဆိုရင်တော့ "3 D Video Card အကြောင်း" ဆိုတဲ့ဆောင်းပါးမှာ ကြည့်လို့ရတယ်နော်။ နောက်မှပြန်တွေ့ကြဦးစို့။
Name----Nyaungoo Thar
Facebook Name----  Nyaungoo Thar
e-mail----nyaungootharlay@outlook.com
Phone--+959259100529(09259100529)
Blog---www.nainglinoonyu.blogspot.com

Newer Post Older Post Home

0 comments:

Post a Comment