အားလုံးပဲမင်္ဂလာပါ သည်ဘလော့လေးကို ၀ါသနာအရ လေ့လာကြိုးစားပြီး ထူထောင်ခဲ့တာပါ ပညာရှင်မဟုတ်တဲ့အတွက် အမှားယွင်းလေးများရှိခဲ့ပါက နားလည်ပေးကြပါရန်.. တွေ့သမျှ ဆရာများရဲ့ နည်းပညာများကို ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ်... ရေနီသားလေး

Tuesday, September 9, 2014

♪♪ ၇၉ ဒေါ်လာတန် quad-core Android tablet ကို E Fun မိတ်ဆက် ♫♫

10171202_10152621810306422_2185748351271584160_n
E Fun သည် ၇၉ ဒေါ်လာ တန်ဖိုးရှိ ၇ လက်မ အရွယ် Andorid tablet ကွန်ပျူတာဖြစ်သော Nextbook ကို မိတ်ဆက်ပေးခဲ့သည်။

E Fun မှ မိတ်ဆက်ခဲ့သည့် Nextbook tablet တွင် quad-core ARM Cortex-A7 ပရိုဆက်ဆာ ပါဝင်ပြီး သိုလှောင်မှု ပမာဏ 16GB ထောက်ပံ့ပေးထားကာ microSD slot မှတစ်ဆင့် သိုလှောင်မှုပမာဏ တိုးမြှင့် အသုံးပြုနိုင်သည်။

ထို့အပြင် အဆိုပါ တန်ဖိုးနည်း tablet ကွန်ပျူတာတွင် Bluetooth 4.0, GPS နှင့် Android 4.4 (KitKat) တို့ကို အသုံးပြုထားသည့်အပြင် Google Play သာမက Flixster, Nook, Vudu နှင့် Net Nanny ကဲ့သို့ app များလည်း ပါဝင်လာသည်။

Nextbook tablet တွင် အသုံးပြုထားသော ၇ လက်မအရွယ် display သည် 1,024 x 600 pixel resolution ဖြင့်သာ ဖော်ပြပေးနိုင်သောကြောင့် စာလုံးများ သေးငယ်ပြီး ဝက်ဘ်စာမျက်နှာများကို ဖတ်ရှုရာတွင် အခက်အခဲရှိမည် ဖြစ်သည်။ သို့သော်လည်း GPS နှင့် storage 16GB တို့ပါဝင်လာသောကြောင့် ရွေးချယ်သင့်သော ထုတ်ကုန်တစ်ခု ဖြစ်ကြောင်း CNET မှ ဖော်ပြခဲ့သည်။

Ref: CNET

Internet Journal

Newer Post Older Post Home

0 comments:

Post a Comment