အားလုံးပဲမင်္ဂလာပါ သည်ဘလော့လေးကို ၀ါသနာအရ လေ့လာကြိုးစားပြီး ထူထောင်ခဲ့တာပါ ပညာရှင်မဟုတ်တဲ့အတွက် အမှားယွင်းလေးများရှိခဲ့ပါက နားလည်ပေးကြပါရန်.. တွေ့သမျှ ဆရာများရဲ့ နည်းပညာများကို ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ်... ရေနီသားလေး

Thursday, August 28, 2014

Internal PC Hardware အကြောင်း သိထားသမျှ

ကျောင်းမှာ ဆရာက စာသင်ပြီးတိုင်း ပြန်မေးတဲ့အလေ့အကျင့်တစ်ခု ရှိပါတယ်။ ဒါကြောင့် စာပြန်မကြည့်နိုင်ပေမယ့် ဆရာ စာသင်တဲ့အခါ ကျွန်မက အသံသွင်းထားလေ့ရှိပါတယ်။ မနက်ဖြန်လို ကျောင်းတက်ရတော့မယ်ဆိုရင် ဒီနေ့လို သွင်းထားတဲ့အသံဖိုင်ကို ပြန်နားထောင်ပါတယ်။ ဆရာ့ရဲ့ သင်ပြပုံတွေက နှိုင်းယှဉ်ပြီး ရှင်းပြတဲ့အတွက် ကျွန်မတို့လို လူပိန်းတွေ နားလည်သဘော ပေါက်လွယ်ပါတယ်။ ခုလောလောဆယ်တော့ မော်နီတာ လောင်သွားတဲ့အတွက် ကွန်ပျူ တာ အသုံးပြုလို့ မရသေးပါဘူး။ ဒါကြောင့် နားထောင်ပြီးသမျှနဲ့ လေ့လာမိသမျှလေး ပြောကြည့်မယ်လေ။


မိုက်ကရို ပရိုဆက်ဆာ

ခုပြောပြမယ့်အကြောင်းကတော့ မိုက်ကရိုပရိုဆက်ဆာပါ။ မိုက်ကရိုပရိုဆက်ဆာဆိုတာ CPU on a chip CPU လို့ တဲ့ Central Processing Unit တစ်ခုလုံးကို IC တစ်ခုထဲမှာ ထည့်ထားတာကို မိုက်ကရိုပရိုဆက်ဆာလို့ ပြောတာပါ။

CPU ဟာ မိုက်ကရိုကွန်ပျူ တာ တစ်လုံးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ Computer ရဲ့ Brain ပါ။ IBM တွေရဲ့ မိုက်ကရိုပရိုဆက်ဆာတွေကို များသောအားဖြင့် အင်တယ်(Intel) ကုမ္ပဏီက ထုတ်ပါတယ်။ မိုက်ကရိုပရိုဆက်ဆာတစ်လုံးရဲ့ အလုပ်လုပ်တဲ့နှုန်း အမြန်နှုန်းသည် ကွန်ပျူတာတစ်လုံး၏ အလုပ်လုပ်တဲ့နှုန်းပင် ဖြစ်သည်။ မိုက်ကရိုပရိုဆက်ဆာတစ်လုံး၏ အမြန်နှုန်းကို 16MHz, 20MHz, 25MHz, 33MHz, 40MHz, 80MHz အဲလိုလေးတွေ ဖော်ပြလေ့ရှိပါတယ်။ ချစ်ပ်ပေါ်မှာ ကြည့်လိုက်ရင်ကို မိုက်ကရိုပရိုဆက်ဆာရဲ့ အမျိုးအစားနဲ့ အမြန်နှုန်းကို သိနိုင်ပါတယ်။ များသောအားဖြင့် ချပ်စ်ပေါ်မှာ ဒီလို အသားတံဆိပ် ရိုက်ထားလေ့ရှိပါတယ်။ 80387 SX-16 ဆိုပြီးပါ။ 80387 က မိုက်ကရိုပရိုဆက်ဆာ အမျိုးအစားပါ။ SX က Internal နဲ့ External အလုပ်လုပ်ပုံ ပြညွှန်းတဲ့ သင်္ကေတပါ။ အဲ နောက်ဆုံးက 16 က အမြန်နှုန်းအညွှန်းပါ။

ကွန်ပျူ တာရဲ့ အလုပ်လုပ်မှုနှုန်းက သိပ်မြန်ပါတယ်။ တစ်စက္ကန့်အတွင်းမှာ အလုပ်များစွာပြီးလို့ တိုင်းတာရာမှာလည်း တစ်စက္ကန့်ကို အပုံပေါင်းများစွာ ပိုင်းထားသော ယူနစ်များဖြင့် ပိုင်းခြား၍ သုံးပါတယ်။ တစ်စက္ကန့်ကို အပုံတစ်သန်းပုံရင် 1 MegaHertz လို့ဆိုပြီး သန်းထောင်ပေါင်း 1000 အထိပုံရင် 1 GigaHertz လို့ ဆိုနိုင်ပါတယ်။ တစ်စက္ကန့်ကို ၆၆ သန်းပုံတစ်ပုံအထိတော့ ခွဲယူလုပ်ဆောင်တွက်ချက်နိုင်တယ်လို့ ဆိုနိုင်ပါတယ်။

ROM(Read Only Memory)

Read Only Memory လို့ ခေါ်တဲ့ Memory ကိုလည်း Mother board ပေါ်မှာ တွေ့ရပါတယ်။ Read Only လို့ ပြောတဲ့ နေရာမှာ အဲဒီ IC က ပြန်ဖျက်လို့ မရဘူး။ ပုံမှန်အားဖြင့် Memory တွေက မီးပိတ်လိုက်ရင် ပျောက်သွားမယ်။ ROM ကတော့ အဲဒီလိုမဟုတ်ဘူး။ မီးပိတ်ပေမယ့် ပျောက်မသွားဘူး။ ပြန်ပြင်လို့လည်း မရဘူး။ စက်ဝယ်ကတည်းက ပါလာပြီး ပရိုဂရမ်တွေ အသေရေးထည့်ထားတာ။ ဒါကြောင့် ROM (Read Only Memory) လို့ ခေါ်တာ။ ပုံမှန်အားဖြင့် ပရိုဂရမ်တွေ မပျောက်မပျက်အောင် သိမ်းထားတာမှာ ဘယ်လိုသိမ်းကြသလဲဆိုတော့ floppy disk မှာ ထားတယ်။ Hard disk မှာ ထားတယ်။ Backing Store မှာ ထားတယ်။ တကယ့် လက်တွေ့မှာကျတော့ Backing Store ထဲမှာ အပြင် နောက်ထပ်ထားလို့ရတဲ့ နေရာက ROM မှာ ထားလို့ရတယ်။ ပရိုဂရမ်တွေကို မပျောက်မပျက်အောင် ထားတဲ့နေရာမှာ Read Only Memory က မီးပိတ်ရင်လည်း မပျောက်ဘူး။ ပြန်ဖျက်လို့လည်း မရဘူး။ သူက အဲဒီလို ကန့်သတ်ချက်ရှိပါတယ်။ Run ထားတဲ့ exe ဖိုင်တွေ၊ ဆော့ဝဲလ်တွေကို ROM လို့ ခေါ်တဲ့ နေရာမှာ သိမ်းထားရတာဖြစ်ပါတယ်။ ကွန်ပျူ တာ Mother board ပေါ်မှာ ROM တစ်လုံးပါပါတယ်။ အနည်းဆုံးတစ်လုံးပေါ့။ ကွန်ပျူတာကို မီးစစဖွင့်ခြင်းအချိန်မှာ Memory Testing တို့၊ ဘယ်ကုမ္ပဏီက ထုတ်တာတို့ အဲဒါတွေအားလုံးဟာ ပရိုဂရမ်တွေပါ။ အဲဒါကို ROM ထဲမှာ ထည့်ထားတာ ဖြစ်ပါတယ်။ ROM ထဲမှာ ဘာပါသလဲဆိုတော့ Basic Input/Output System အဲဒါကို ROM BIOS လို့ ခေါ်ပါတယ်။ ကွန်ပျူတာတစ်လုံး မီးဖွင့်ဖွင့်ချင်း စပြီး အလုပ်လုပ်တဲ့ အခြေခံအကျဆုံး ပရိုဂရမ်ကို Basic Input Output System လို့ ခေါ်ပါတယ်။

IBM ကွန်ပျူ တာအစစ်မှာဆိုရင်တော့ ROM BASIC ဆိုတာ နောက်ထပ် တစ်ခုအနေနဲ့ ပါပါသေးတယ်။ အဲဒီမှာ Basic ဆိုတာ Basic ပရိုဂရမ်ကို ဘာသာပြန်ပေးတဲ့အရာပါ။ ဒီလိုဆိုရင် ကျွန်မတို့ ပရိုဂရမ်အားလုံးကို disk နဲ့ မထားဘဲ ROM နဲ့ ထားရင် မကောင်းဘူးလားလို့ ဆရာက မေးပါတော့တယ်။ မရပါဘူးလို့ပဲ ဖြေလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ပထမအချက်က ROM က ပြင်လို့မရဘူးလေ။ ဒီပရိုဂရမ်တစ်ပုဒ်ထဲ မပြောင်းဘဲသုံးမယ်ဆိုရင်တော့ ဘာမှမဖြစ်ဘူး။ ပြောင်းမယ်၊ သုံးမယ်ဆိုရင်တော့ disk ထဲ ထားတာ အကောင်းဆုံးပဲ။ disk ထဲ ထားခြင်းဖြင့် ကိုယ့် data သွင်းမယ်။ ရေးမယ်၊ ပြင်မယ်၊ သိမ်းမယ်၊ ရတယ်။ အဲ ROM က မရဘူး။ နောက် ROM BIOS က ဘာသုံးသလဲဆိုရင် Power on Test ကွန်ပျူတာကို ပါဝါစစချင်း ဖွင့်လိုက်တဲ့အချိန်မှာ Memory ကောင်းရဲ့လား၊ ကီးဘုတ် အဆင်ပြေရဲ့လား စတာတွေကို Test လုပ်တာ စစ်တာပါ။ နောက်တစ်ခုက Boot Strapping Boot လုပ်တယ်ဆိုတာက ကွန်ပျူတာကို Starp လုပ်တာပါ။ သဘောတရားပြောရရင်တော့ ROM ဆိုတာ ကြားခံပစ္စည်းတစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ အားလုံးရဲ့ အကြား အပြန်အလှန် ဆက်သွယ်မှုတစ်ခုဆိုလည်း မမှားပါဘူး။ ဒီတော့ ROM ဆိုတာ အင်မတန်အရေးကြီးတဲ့အရာ ဖြစ်ပါတယ်။ ROM က IC ရဲ့ နာမည်ဖြစ်ပြီး BIOS က ပရိုဂရမ်ရဲ့နာမည်ဖြစ်ပါတယ်။

ROM မှာ အမျိုးအစားတွေ ခွဲထားသေးတာကို ထပ်ပြီး တွေ့ရပါသေးတယ်။ ROM, PROM, EPROM နဲ့ EEPROM တို့ပဲ ဖြစ်ပါတယ်။ အဲဒီမှာ သူတို့ရဲ့ ရာဇဝင်လေးတွေကတော့ PROM ဆိုတာကတော့ Programmabe ROM ပါ။ ပရိုဂရမ်ရေးထည့်ထားနိုင်တဲ့ ROM တစ်မျိုးပါ။ ဒါပေမယ့် PROM တစ်ခုဟာ ပရိုဂရမ်တစ်ခုကို တစ်ကြိမ်ပဲ ရေးသားအသုံးပြုနိုင်ပါတယ်။

နောက် တစ်ခုဖြစ်တဲ့ EPROM ဆိုတာကတော့ Erasable ROM ပါ။ EPROM တစ်ခုကို အကြိမ်ကြိမ် ဖျက်ပြီး ပရိုဂရမ်တစ်ခုပြီး တစ်ခု ရေးထည့်နိုင်တဲ့ ROM ပါ။ EEPROM ဆိုတဲ့ နောက်ဆုံးတစ်ခုကတော့ Electrically EPROM ပဲ ဖြစ်ပါတယ်။ သူလည်း EPROM လိုပါပဲ။ ပရိုဂရမ်များ ရေးထည့်အသုံးပြုနိုင်တဲ့ ROM ပဲပေါ့။ ရေးရာဖျက်ရာမှာ EPROM က Ultra Violet(UV) Ray ခရမ်းလွန်ရောင်ခြည်နဲ့ ဖျက်ရပါတယ်။ EEPROM ကျတော့ ရိုးရိုး Elerictrical Signal နဲ့ ဖျက်/ရေးလို့ ရပါတယ်။ ကဲ နောက်ထပ်တစ်ခုကတော့

RAM (Randon Access Memory)

နောက်တစ်ခုကတော့ Randon Access Memory အတိုကောက်အားဖြင့် RAM လို့ ခေါ်ပါတယ်။ RAM ဆိုတာက အသုံးပြု သူ User က keyboard ကနေ ရိုက်လိုက်သမျှကို ယာယီသိမ်းဆည်းထားရာ မှတ်ဉာဏ်ကို ခေါ်ပါတယ်။ ယာယီလို့ ထည့်သုံးရတာကတော့ သူက မီးပိတ်လိုက်ရင် ပျောက်သွားပါမယ်။ ဒါကြောင့် ယာယီလို့ သုံးနှုန်းရခြင်း ဖြစ်ပါတယ်။ RAM ဟာ ကွန်ပျူတာတစ်ခုရဲ့ အခြေခံ မှတ်ဉာဏ်ပါ။ RAM ရဲ့ Base Memory ဟာ 640 kb ပါ။ အခြေခံအကျဆုံး 640 ရှိတယ်။ အဲဒီထက်ပိုမယ်ဆိုရင် Extended Memory တိုးချဲသုံးမယ်ဆိုရင် ရပါတယ်။ 486 ဆိုရင် 4 GB အထိ သုံးလို့ရပါတယ်။ နောက်တစ်မျိုးက Expanded Memory ဆိုတာ ရှိပါသေးတယ်။ Card တစ်ခုသပ်သပ် ဝယ်ယူရမှာပါ။ သူဆိုရင်တော့ 32MB အထိ သုံးလို့ရပါတယ်။ EMS Card လို့ အတိုကောက် ခေါ်ပါတယ်။ Expended Memory Sepcification ပါ။ RAM ချစ်ပ်များဟာ Mother board ပေါ်မှာပဲ တပ်ဆင်ပါဝင်ပါတယ်။ ဖြုတ်နိုင်တပ်နိုင်ဖို့အတွက် Socket ဆော့ကတ်များ သို့မဟုတ် Pin များ ပါရှိပါတယ်။ စောစောပိုင်းကာလတွေက pintype RAM chip များ ပါတယ်။ နောက်ပိုင်းမှာ Socket type RAM များအဖြစ် ပြောင်းလာပါတယ်။ ကွာတာက Socket type က ဖြုတ်ရ တပ်ရတာ လွယ်ပါတယ်။ RAM chip များဟာ Mother board မှာ ၉ လုံးတစ်တန်း တန်းစီလျက်ရှိနေတတ်ပါတယ်။ အဲဒီအတန်းကိုမှ bank လို့ ခေါ်ပါတယ်။

RAM ချစ်ပ်တစ်လုံးလျှင် 16 kilobit မှ 4 Megabits အထိရှိတတ်ပါတယ်။ RAM မှာလည်း ROM လိုပဲ အမျိုးမျိုးရှိပါသေးတယ်။ DRAM, ERAM နဲ့ SRAM တို့ပဲ ဖြစ်ပါတယ်။ များသောအားဖြင့် DRAM နဲ့ SRAM ကို အသုံးများကြပါတယ်။ ဒါတောင် SRAM က ဈေးအလွန်ကြီးတဲ့အတွက် သိပ်မသုံးကြပါဘူး။ DRAM ဆိုတာ Dynamic Ramdon Access Mamory ပါ။ DRAM ကို RAM လို့ပဲ အခေါ်များပါတယ်။ DRAM ပေါ်မှာ ရှိတဲ့ ကိန်းဂဏန်းတွေဟာ ကွန်ပျူ တာအလုပ်လုပ်နေတဲ့ အချိန်မှာသာ သိမ်းထားပြီး ပါဝါဖြတ်လိုက်တာ၊ စက်ပိတ်လိုက်တာနဲ့ လုံးဝမရှိတော့တဲ့ မှတ်ဉာဏ်ပါ။ ပြန်ခေါ်လို့ မရတော့ပါဘူး။ SRAM က Static Random Access Memory ရဲ့ အတိုကောက်ပါ။ SRAM က ပိုမြန်ပါတယ်။ data ကို ထရန်စစ္စတာလေးလုံးနဲ့ သိမ်းတဲ့အတွက် နေရာပိုယူပါတယ်။ ဈေးပိုကြီးပါတယ်။ Cache Memory အဖြစ် သုံးစွဲကြပါတယ်။ နောက် ဆရာက CPU မှာ အပိုင်း နှစ်ပိုင်းခွဲခြားထားပြီး ဘယ်လိုတွေ အလုပ်လုပ်လည်းဆိုတာလည်း တစ်ယောက်ခြင်း မေးပါတယ်။ နောက်မှ ဆက်ပြီး အမေးခံရတုန်းက ဖြေတာလေးတွေ ပြောပြပါမယ်။ ခုတော့ ဒီလောက်ပါပဲ။
 
ref: MMICT
မနောဖြူ လေး

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Newer Post Older Post Home

0 comments:

Post a Comment